
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါအဆင့် ၆ အထိ သတ်မှတ်ခံထားရပြီ ဖြစ်တဲ့ ၀က်တုတ်ကွေးရောဂါခေါ် A/ H1N1 ရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ပြည်သူအချို့ကတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားနေပြီ ဖြစ်ပေမဲ့ အချို့ အထိအတွေ့ နည်းသူတွေကတော့ ဒီရောဂါကို သာမန်ရောဂါဆန်း တစ်ခုအဖြစ် ရှုမြင်နေသေးပြီး ကာကွယ်မှုတွေ နည်းနေသေးတာကို တွေ့ရှိနေရပါတယ်။ လူတုတ်ကွေး/ ၀က်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး Mutdfan.com မှ အယ်ဒီတာအဖွဲ့ရဲ့ အကူအညီ တောင်း မေတ္တာရပ်ခံမှုအရ Mutdfan.com မှာ ဘောလုံးသတင်း ရေးသားနေသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဆရာဝန်တစ်ယောက် အနေနဲ့ ကျန်းမာရေး ဆောင်းပါး ရေးသားပေးဖို့ မေတ္တာရပ်ခံလာခဲ့တဲ့အခါမှာ ဆရာဝန်ပေါက်စလေး ကျွန်တော်ဟာ ရေးသားဖို့ တွန့်ဆုတ် နေခဲ့ပေမဲ့ “ပြည်သူများအတွက် အရေးကြီးသော ကပ်ရောဂါဆိုးတစ်ခုကို ကြိုတင်ကာကွယ်နိုင်စေရေး အတွက် တစ်ဖက်တလမ်းမှု ကူညီရာ ရောက်စေရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေ ပြုစု တင်ပြလိုက်ရပါတယ်။
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
၁. ရောဂါ စတင်ဖြစ်ပွါးပုံသမိုင်း
swine flu (သို့မဟုတ်) H1N1 ဆိုပြီး ယခုနာမည်ကြီးနေတဲ့ လူတုပ်ကွေးရောဂါ က type A influenza ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ ဝက်တွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ယခုဘက်နှစ်ပိုင်းတွေမှာ ဖြစ်ပွါးမှုမရှိခြင်းကြောင့် လူသိနည်းရခြင်းဖြစ်တယ်။ ပထမဆုံး ဝက်တုပ်ကွေးနှင့်ဆင်တူသော လူတုပ်ကွေး ကပ်ရောဂါကြီးမှာ ၁၉၁၈ တွင် စပိန်တုပ်ကွေးဟု နာမည်ကြီးခဲ့သော “Spanish flu” ပဲဖြစ်ပါတယ်။ လူသန်းပေါင်း ၅၀ ခန့်ကိုကူးစက်ခဲ့သော ကပ်ရောဂါဆိုးကြီးပဲဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၈ တို့တွင်လည်း ဖြစ်ပွါးခဲ့ပါတယ်။ ယခုနှစ်နောက်ပိုင်း အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၀၇ခုနှစ် ဖိလစ်ပိုင်မှာ ဝက်တွေမှာဖြစ်ပွါးခဲ့တာပဲဖြစ်ပါတယ်။ အချို့သော ပညာရှင်များ၏ သုံးသပ်ချက်အရ အာရှတိုက် နှင့် ဥရောပတိုက်မှ ငှက်များ၊ လူများတွင် ပါသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ် နှင့် မြောက်အမေရိကတိုက်ရှိ ဝက်များမှ ဗိုင်းရပ်ပိုးများ ပေါင်းစပ်ပြီး ယခုကဲ့သို့ ဗိုင်းရပ်ပိုးသစ်တစ်မျိုး အဖြစ်ဆင့်ကဲဖြစ်လာရခြင်းဟု သိရှိရသော်လည်း ထို အဆိုကို မှန်မမှန် ကောက်ချက်ယူရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတုပ်ကွေးရောဂါသည် ကျွန်တော်တို့ နိုင်ငံကိုခြိမ်းခြောက်လာပြီဖြစ်သည်။
၂. ရောဂါဖြစ်ပွါးစေသော ဗိုင်းရပ်အကြောင်း
လူတုပ်ကွေးရောဂါကို ဖြစ်ပွါးစေသောဗိုင်းရပ်မှာ H1N1 ဗိုင်းရပ်ဖြစ်သည်ဟု ကျွန်တော်တင်ပြပြီးဖြစ်သည်။ ယခု ထိုဗိုင်းရပ်အကြောင်း ကျွန်တော်သိရှိသမျှ ပြောပြချင်ပါသည်။ type A influenza ဗိုင်းရပ်တွင် မျိုးကွဲများ များစွာရှိပါသည်။ ထိုမျိုးကွဲများကို ဗိုင်းရပ်၏အပြင်ဘက်မျက်နှာပြင်တွင်ရှိသော antigen ၂ခုဖြစ်သော H နှင့် N ပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ယခု ဖြစ်ပွါးနေသော တုပ်ကွေးဗိုင်းရပ်မှာ H1N1 ဖြစ်သည်။ ထို H1N1 ဗိုင်းရပ် ၏ဗီဇမှာလည်း အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် H1N1 မျိုးကွဲပေါင်များစွာရှိသည်။ ထို့ကြောင့် နှစ်စဉ် မျိုးကွဲအသစ်များကိုကာကွယ်သော တုပ်ကွေးရောဂါကာကွယ်ဆေးသစ်များ ထုတ်လုပ်နေရခြင်းဖြစ်သည်။ ဝက်၏ အသက်ရှုလမ်းကြောင်းတွင် လူ၊ ငှက် တုပ်ကွေးပိုးများကိုလက်ခံနိုင်သော receptors များရှိသောကြောင့် ဝက်သည် ဗိုင်းရပ်မျိုးပေါင်းစုံအားလက်ခံထားသော လက်ခံကောင် ကဲ့သို့ဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လူတုပ်ကွေးပိုး၊ ငှက်တုပ်ကွေးပိုး၊ ဝက်တုပ်ကွေးပိုး တို့၏ “genes” များပေါင်းစပ်သွားပြီး မျိုးစိတ်သစ်တစ်မျိုးဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူဆရပေသည်။
၃. ရောဂါ ကူးစက်ပုံ နှင့် ကူးစက်ရာလမ်းကြောင်း
၂၀၀၉ ခုနှစ် ကူးစက်မှုမတိုင်မီက ဝက်တုပ်ကွေးရောဂါဖြစ်ပွါးရာတွင် ဝက်မှလူသို့ကူးစက်ခြင်းသာရှိခဲ့ပြီး လူမှလူသို့ကူးစက်ခြင်းမှာ မရှိသလောက်ရှားခဲ့သည်။ ရောဂါကူးစက်ခြင်းခံရသောလူများမှာ ဝက်များနှင့်ထိတွေ့ခြင်းရှိသောလူများသာဖြစ်ခဲ့သည်။ သို့သော် ယခုဖြစ်ပွါးနေသော ကပ်ရောဂါတွင်မူ လူလူချင်းကူးစက်နေသည်ကို တွေ့ရှိရသည်။ ဝက်မှလူသို့ကူးစက်ခြင်းထက် လူမှလူသို့ကူးစက်နေခြင်းသာ များနေသောကြောင့် နောက်ပိုင်းတွင် တိရိစ္ဆာန်ကာကွယ်ရေး အသင်းအဖွဲ့များ၏ တောင်းဆိုမှုကြောင့် ဝက်တုပ်ကွေးရောဂါ မှ လူတုပ်ကွေးရောဂါဟု ပြောင်းလဲခေါ်ဆိုခဲ့ရခြင်းဖြစ်သည်။ ရောဂါ ကူးစက်ပုံနှင့် ပက်သက်၍ပြောရမည်ဆိုလျှင် အဓိကကူးစက်သော လမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်းမှ ကူးစက်ခြင်းဖြစ်သည်။ ရောဂါရှိနေသောသူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်သောအခါ ရောဂါပိုးများသည် အမှုန်အမွှားများအဖြစ်နှင့် လေထုထဲတွင် ပြန့်နှံ့သွားသည်။ ထိုအမှုန်အမွှားများကို ရှူလိုက်မိသူသည်ရောဂါကူးစက်ခြင်းခံရမည်ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသော အရာများကိုကိုင်တွယ်မိသော လက်တွင်လည်း ရောဂါပိုးများရှိနေနိုင်သောကြောင့် လက်ကို ဆပ်ပြာဖြင့်မကြာခဏ ဆေးသင့်ပြီး ရောဂါပိုးရှိနေနိုင်သောလက်နှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်မိစေရန် သတိထားသင့်သည်။ ဝက်သားစားခြင်းဖြင့် ရောဂါကူးစက်ခြင်းမရှိနိုင်ပါ။ မချက်ပြုတ်ရသေးသော ဝက်သားကိုကိုင်တွယ်ခြင်းဖြင့်လဲ ကူးစက်နိုင်ခြင်းမရှိပါ။ ဝက်၏ အဆုတ်ထဲ၌ပင် ရောဂါပိုးကိုတွေ့ရှိရခြင်းမရှိဟုသိရှိရပါသည်။ ဝက်မှ လူသို့ ကူးစက်ရန် မှာ ရောဂါရှိသော ဝက်တစ်ကောင်သင့်ရှေ့တွင် နှာချေလိုက်သော အခါတွင်မှဟု တွေ့ရှိရပါသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ဖတ်ရှူလေ့လာမှတ်သားထားသည်များမှာ ကိုယ်တွေ့မဟုတ်သည့်အပြင် ဒွိဟဖြစ်စရာများ ကိုလည်းတွေ့ရှိရသောကြောင့် ယခုအချိန်တွင် မချက်ပြုတ်ရသေးသော ဝက်သားကိုသတိဖြင့်ကိုင်တွယ် (လက်အိတ်ဖြင့်) ကိုင်တွယ်သင့်ပြီး ကျက်အောင် (၇၀ ဒီဂရီ စင်တီဂရိတ် သို့ ၁၆၀ ဒီဂရီ ဖာရင်ဟိုက်) ချက်ပြုတ်ပြီးမှစားသုံးသင့်သည်။
၎. ရောဂါ လက္ခဏာများ
ယခုဖြစ်ပွါးနေသော တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ ယခင်ဖြစ်ပွါးနေကြ တုပ်ကွေးရောဂါများ၏ လက္ခဏာများကဲ့သို့ပင်ဖြစ်သည်။ ရောဂါကူးစက်ခြင်းခံရသူသည် ကိုယ်အပူချိန်တက်ခြင်း(ဖျားခြင်း)၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နုံးချိနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါသည်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ကိုလည်း တခါတရံခံစားရနိုင်ပါသည်။ တုပ်ကွေးပိုးသည် အသက်ရှူလမ်းကြောင်းမှ တဆင့် လူခန္ဓာကိုယ်ထဲဝင်ရောက်ပြီးနောက် အဆုတ်ကို ရောက်ရှိပြီး နမိုးနီးယားအထိဖြစ်ပွါးစေနိုင်သောကြောင့် ရောဂါဖြစ်ပွါးသည် ဟုသံသယရှိပါက မပေါ့ဆရန်လိုအပ်ပါသည်။ အထူးသဖြင့် နာတာရှည်ရောဂါရှိသူများ (ဥပမာ- ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်) ရှိသူများသည် သာမန်လူများထက် ကိုယ်ခံအားလျော့နည်းနိုင်သောကြောင့် ပို၍သတိရှိသင့်သည်။ ရောဂါကူးစက်ခြင်းခံရသူသည် ရောဂါလက္ခဏာမပြမီ ၁ရက် နှင့် ရောဂါလက္ခဏာပြပြီး ၇ရက်အတွင်း အခြားသူများကိုရောဂါကူးစက်ပျံ့နှံ့စေပါတယ်။ ရောဂါလက္ခဏာများ အားလုံးကင်းစင်သွားပြီးနောက် အနည်းဆုံး ၂၄နာရီ (သို့မဟုတ်) ထို့ထက်ပိုသောကာလအတွင်းမှာလဲ အခြားသူများကိုကူးစက်စေဦးမှာဖြစ်ပါတယ်။ ထို့ကြောင့် ရောဂါ လက္ခဏာများမရှိလျှင်တောင်မှ ရောဂါကူးစက်ခံရနိုင်သည်ဆိုသည်ကို သတိပြုစေချင်ပါတယ်။ ကလေးများတွင် ထို့ထက်ပိုသောကာလ (ဥပမာ- ၁၀ရက်). ရောဂါကူးစက်ခြင်းခံရသူသည် ကူးစက်ခံရပြီး ၁ ရက်မှ ၄ ရက်အတွင်း ရောဂါလက္ခဏာပြပါတယ်။
၅. ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ခြင်း
ရောဂါကူးစက်သော လမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်းဖြစ်သောကြောင့် အဓိကအားဖြင့်အသက်ရှူလမ်းကြောင်းကာကွယ်ရမည်ဖြစ်သည်။ နှာခေါင်းစည်း (mask) ကိုလူစုလူဝေးရှိသောနေရာများသို့ သွားသောအခါ တပ်သင့်သည်။ နှာစေး၊ ချောင်းဆိုးဖြစ်နေသောသူများမှာ မိမိ၏နေအိမ်တွင်သာနေထိုင်သင့်သည်။ mask တပ်ရာတွင်လည်း လုံခြုံအောင်တပ်သင့်သည်။ ဖြစ်နိုင်လျှင် N95 mask ကို အသုံးပြုသင့်သည်။ N95 maskဆိုသည်မှာ ကျွန်တော်တို့ တွေ့ရှိနေရသော တစ်ခါသုံး mask များမဟုတ်ပါ။ ယခုရောင်းချနေသော mask များမှာ ခွဲစိတ်ခန်းများတွင် ဆရာဝန်၊ သူနာပြုများထံမှ ရောဂါပိုးများလူနာဆီသို့ မရောက်ရှိအောင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အတွင်းမှရောဂါပိုးများ အပြင်သို့မရောက်ရန်အဓိကကာကွယ်ပေးခြင်းဖြစ်သည်။ nN95 mask မှာမူ ပြင်ပလေထုထဲတွင်ရှိသော ရောဂါပိုးများကို အလွန်သေးငယ်သောအမှုန်အမွှားအထိစစ်ချပေးနိုင်ခြင်း၊ တပ်ရာတွင် မျက်နာနှင့် အံဝင်ဂွင်ကျဖြစ်အောင်ပြုလုပ်ထားခြင်းတို့ကြောင့် ယခု တုပ်ကွေးရောဂါ၊ ဆားရောဂါ တို့မှ ကာကွယ်ရန် အထူးသင့်လျော်ပါသည်။ သို့သော် N95 mask ၁ခု ဈေးမှာ အမေရိကန်ဒေါ်လာ ၂ မှ ၄ အတွင်း ရှိနိုင်သောကြောင့် အလွယ်တကူအသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သာမန် mask များကိုပင် သတိဖြင့်အသုံးပြုရမည်ဖြစ်သည်။ ရောဂါကို လုံးဝကာကွယ်မပေးနိုင်ဟုဆိုလိုခြင်းမဟုတ်ပါ။ အတိုင်းအတာ ၁ခုအထိကာကွယ်ပေးနိုင်ပါသည်။ သို့သော် အကာအကွယ်ယူထားသည် ဟုယူဆပြီး သတိလက်လွှတ်မဖြစ်စေလိုသောကြောင့် သတိပေးရခြင်းဖြစ်သည်။ mask များ စိုလာလျှင်လည်း အသစ်တစ်ခုလဲပေးသင့်ပါသည်။ အသုံးပြုပြီးသား ကိုသိမ်းစည်းပြီး ပြန်လည်အသုံးမပြုသင့်ပေ။ ပြန်လည်အသုံးပြု၍ ရသော mask များကိုလည်း ရေနွေးဖြင့်ပြုတ်ပြီး (သို့) ပိုးသတ်ဆေးဖြင့် (bleaching powder ဟင်းစားဇွန်း ၂ဇွန်း နှင့် ရေ ၁လီတာ ရော၊ မိနစ် ၃၀ စိမ်ရမည်) ပိုးသတ်ပြီးမှသာ ပြန်လည်အသုံးပြုရမည်ဖြစ်သည်။ လက်များတွင်လည်း ရောဂါပိုးများ ကပ်နေနိုင်သောကြောင့် မကြာခဏ ဆပ်ပြာ နှင့် ရေ (သို့) အရက်ပြန် နှင့် ဆေးပေးသင့်သည်။ ဆေးကြောထားခြင်းမရှိသော လက်နှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုမကိုင်တွယ်သင့်ပေ။ တုပ်ကွေးရောဂါပိုးသည် ရောဂါရှိသူ၏ ကိုယ်တွင်းမှ ထွက်ပြီး ပြင်ပတွင် ၂ နာရီကြာအသက်ရှင်နိုင်သည် ကိုလည်းသတိချပ်သင့်သည်။
၆. ရောဂါပိုးစစ်ဆေးခြင်း
ရောဂါပိုးကို လူနာ၏ သလိပ်၊ နှာခေါင်း၊ လည်ချောင်းတို့မှ ထုတ်ယူစစ်စေးနိုင်ပါတယ်။ တုပ်ကွေးရောဂါပိုး type A ဟုတ်မဟုတ်ကို အမြန်စစ်ဆေးနိုင်သော်လည်း ဝက်တုပ်ကွေး (H1N1) ဟုတ်မဟုတ်ကိုသိရှိရန်ကိုမူ ပိုမို အသေးစိတ်ကျသော စစ်ဆေးနည်းများနှင့်စစ်ဆေးရန်လိုအပ်ပါသည်။
၇. ရောဂါ ကုသရန်ဆေးများ
၂၀၀၉ လူတုပ်ကွေးရောဂါသည် အခြားသာမန်တုပ်ကွေးများတွင် အသုံးပြုသောဆေး၂မျိုးဖြင့် ကုသနိုင်သည်ဟုသိရှိရသည်။ ထိုဆေးများမှာ oseltamivir (Tamiflu) နှင့် zanamivir (Relenza) တို့ဖြစ်ပါတယ်။ Tamiflu ကတော့ သောက်ဆေးဖြစ်ပြီး Relenza ကတော့ ရှူဆေးဖြစ်တယ်။ ထိုဆေးများကို ရောဂါဖြစ်ပွါးပြီး ၂၄နာရီအတွင်းသောက်သုံးက ပိုမိုထိရောက်သည်ဟုသိရှိရပါတယ်။ သို့သော် ထိုဆေးများမှာ ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သောဆေးများဖြစ်ပါတယ်။ မိမိ ဆုံးဖြတ်ချက်နှင့် မိမိ မသောက်ပါနှင့်။ ရောဂါကူးစက်ခံရသည် ဟုသံသယရှိလျှင် နီးစပ်ရာ တတ်ကျွမ်းသောဆရာဝန်များ နှင့်အမြန်ဆုံး ပြသသင့်ပါသည်။ ပြသချိန်နောက်ကျပါက သင့်အတွက် အန္တရာယ်ရှိနိုင်ပါသည်။
မှတ်ချက်။ ။ ယခုရေးသားထားသော ဆောင်းပါးသည် ကျွန်တော် ကိုတော်တီသိလွန်း၊ တတ်လွန်း၍ ရေးသားထားခြင်း မဟုတ်ပါ။ အမှားများပါခဲ့လျှင် ခွင့်လွှတ်စေချင်ပါသည်။ ယခုကဲ့သို့ ကျွန်တော်တို့၏ ဝက်ဆိုက်ကို ကျွန်တော် ဆေးပညာသင်ကြားပေးခဲ့သော ကျွန်တော်ဆရာကြီးများ၊ ကျွန်တော်ထက် စီနီယာကျသော ဆရာဝန်များ ကျွန်တော်၏ ဆောင်းပါးကိုဖတ်ရှူမိလျှင် ကျွန်တော် ဆရာလုပ်ခြင်း မဟုတ်ဘဲ အများအကျိုးအတွက် ကျွန်တော်သိသလောက် ဗဟုသုတအနည်းအကျဉ်းကို ကျွန်တော်၏ စာဖတ်ပရိတ်သတ်အတွက် ဖောက်သည်ချပေးခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည်။ ဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအစဉ်လေးစားလျှက် - ကိုတော်တီ
Mutdfan.com အယ်ဒီတာချူပ်မှ ကိုတော်တီအား အထူးကျေးဇူး တင်ရှိ ပါကြောင်း မှတ်တမ်းတင် ရေးသားခြင်း။ ယခုကျမ်းမာရေး ဆောင်းပါးမှာ ပြည်တွင်း၌ ၀က်တုတ်ကွေး/ လူတုတ်ကွေး အကြောင်း သိကောင်းစရာ အသိပညာပေး ဆောင်းပါးများ နည်းပါးနေချိန်တွင် အထူး လိုအပ်လျက် နေသော ဆောင်းပါးဖြစ်ပြီး စေတနာအပြည့်ဖြင့် ပင်ပင်ပန်းပန်း ပြုစုရေးသားပေးခဲ့သော Dr. Tin Tun Aung ခေါ် ကိုတော်တီအား အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ရေးသား အပ်ပါသည်။ ထို့အပြင် ယခုဆောင်းပါးလေးအား မည်သည့် မီဒီယာမဆို ရေးသားသူ ကိုတော်တီ နာမည်အား ထည့်သွင်း အသုံးပြုပေးခြင်းဖြင့် ကူးယူ ဖေါ်ပြပေးနိုင်ပါသည်။ ယခုကဲ့သို့ ကူးယူဖေါ်ပြ ခြင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။
ယခုဆောင်းပါးမှာ ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာတင်ထွန်းအောင်ခေါ် ကိုတော်တီ၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး www.mutdfan.com တွင် ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသို့ပါ ကူးစက်ပြန့်နှံ့လာပြီဖြစ်သော ဤရောဂါနှင့် ပါတ်သက်သမျှ သတင်းအချက်အလက်နှင့် ဆောင်းပါး၊ သိကောင်းစရာများကို ပြန်လည် ကူးယူဖော်ပြရခြင်း ဖြစ် ပါသည်။ ထို့ကြောင့် ဆောင်းပါးရှင် ကိုတော်တီနှင့်တကွ ကူးယူဖော်ပြခွင့်ပေးခဲ့သော ကျွန်တော့အကို ကိုဇော်လွင်ဝင်းနှင့် ဤဆောင်းပါးပါ အချက်အလက်များနှင့် သက်ဆိုင်သူများ အားလုံးကို အထူး ကျေးဇူးတင်ရှိလျှက်…..

အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
အဲဒါကတော့ ပန်းပျိုးလက်
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
သီအိုရီဖျက်
question ပဲသင်
ဇွတ်တန်းတင်၍
ရည်ချင်းကိုကျဉ်
ရေတွက်တင်ဖို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ
အဲဒါကတော့ ပန်းချိုးလက်
မယုံမရှိနဲ့…………………………….

March 18th, 2009 in
သရော်စာ |
8 Comments
ဆီဆိုတာက အများကြီးစားလွန်းရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာ တီဗွီမှာ၊ ကျန်းမာရေးစာစောင်တွေမှာ၊ ပညာပေးကဏ္ဍတွေ
မှာ မိတ်ဆွေတွေ့ဖူးမှာပါ။ ဟုတ်ပါတယ် ဆီကိုစားတာများရင် အ၀လွန်တာတွေ၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ အဲဒီလိုများ ဆီများများစားတတ်တဲ့သူတွေကို တွေ့မိရင်လေ အဲဒီလို ဖြစ်တတ်တဲ့ရောဂါတွေကို ရှင်းပြပြီးတော့
ဆီစားများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်သဘောပေါက်ဖို့ ရှင်းပြရင်းနဲ့ ကျန်းမာရေးကုသိုလ်ကို ယူလိုက်ပါ မိတ်ဆွေရေ။
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ဆီများများစားတတ်တဲ့သူတွေကို တွေ့နိုင်ဖို့ မီးဖိုချောင်ထဲထိ လိုက်ကြည့်စရာ မလိုလောက်အောင်ကို သိသာ
ထင်ရှား တွေ့မြင်နိုင်ပါတယ် မိတ်ဆွေရေ။ ဆီများများ စားတတ်တဲ့သူတွေဟာ အတော်လေးဝတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သလို
သူ့ရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်ဝခြင်းမျိုးမဟုတ်ပဲ အဆီတွေများများနဲ့ ၀နေတာကို မိတ်ဆွေ တွေ့ရှိရပါလိမ့်မယ် မိတ်ဆွေ။ ဒါပေမဲ့ မိတ်ဆွေရေ
အဲဒီလိုသိသာထင်ရှားတဲ့ လက္ခဏာတွေမရှိပဲ ဆီစားများတဲ့သူတွေကိုတော့ မိတ်ဆွေတွေ့ဖူးမယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို
လူတွေက ဆီကိုများများစားကြပေမဲ့ အဲဒီလိုခန္ဓာကိုယ်တွေ ဖြစ်မလာပဲ ဆီကိုဘယ်လောက်ပဲစားစား အဆီ ဖြစ်လာခြင်းလဲမရှိ၊ အသား
ဖြစ်လာခြင်းလဲမရှိတာကို မိတ်ဆွေတို့ မတွေ့ဖူးရင်တောင် ကျွန်တော်တော့ တွေ့ဖူးတယ်ဗျာ။ မိတ်ဆွေတို့ကတော့ တွေ့ဖူးကြမှာ
မဟုတ်ပါဘူး။ တွေ့ဖူးရင်တောင် သတိထားမိမယ် မထင်ဘူးဗျ။ မိတ်ဆွေတို့က ကျွန်တော့ကို မေးကြအုံးမယ်။ ခင်ဗျားကရော ဘယ်လိုများ
သတိထားမိပြီး ဘာကြောင့် တွေ့ဖူးတာလဲလို့လေ ?။ ဟုတ်ကဲ့ ကျွန်တော်ဖြေပါ့မယ်။ သူတို့တစ်တွေက လစဉ်ဆီကိုပုံမှန် စားသုံးကြ
တယ်ဗျ။ လစဉ်ပုံမှန်စားသုံးကြတဲ့အတွက် သူများတွေလိုတော့ အဆီတွေပိတ်ပြီး ၀လာကြတာ မဟုတ်ဘူးရယ်။ ပုံမှန်လေးပဲ ၀လာတာ။
ပြီးတော့ သူတို့က ဆီကို ဆီပုံစံအဖြစ်နဲ့သာ စားကြတာလဲ မဟုတ်ဘူးဗျ။ ဂျုံကို ပုံစံအမျိုးမျိုးလုပ်ပြီး စားသုံးကြသလိုပေါ့ဗျာ။
ဆီကိုလည်း ပုံစံပြောင်းပြီးစားသုံးကြတယ်ခင်ဗျ။ ဒီလိုကြားလိုက်လို့ မိတ်ဆွေ အံ့သြများသွားမလား ? နေပါအုံးမိတ်ဆွေ
မအံ့သြပါနဲ့ခင်ဗျ။ သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။ ဆီကို ဆီပုံစံနဲ့စားလိုက်ရင် အဆီတွေများပြီး ၀လာတာကို လူမြင်မှာစိုးလို့
ဆီကို ခြင်္သေ့အဖြစ် ပြောင်းလဲပြီး စားသုံးကြသတဲ့ခင်ဗျာ။ ကောင်းရော မိတ်ဆွေရေ !
အဲ အဲ မိတ်ဆွေ! ကျွန်တော် သတိပေးရအုံးမယ်နော်။ အဲဒီလူတွေကိုတော့ ကျန်မားရေး ကုသိုလ် သွားမယူလိုက်နဲ့နော်။ သွားသတိပေးလိုက်လို့
ကတော့ မိတ်ဆွေပြန်ရလိုက်မှာကတော့ ရော့ဗျာ မျက်စောင်း!

March 4th, 2009 in
သရော်စာ |
4 Comments
ပြီးသွားတဲ့ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ သီချင်းခွေတွေ သိပ်မထွက်တာကို သတိထားမိလိုက်ပါတယ်။ ယခင်နှစ်များကဆိုရင် အဲဒီ
လို အချိန်တွေမှာ စုံတွဲခွေတွေ အပြိုင်အဆိုင် ထွက်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဖြိုးကြီးနဲ့စုံတွဲ သီချင်း တစ်ခွေကိုပဲ ထွက်လာတာကို တွေ့
မိတယ်။ ဒါပေမဲ့
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
မနေ့က ဈေးထဲကို သွားမိတော့ ချစ်သူများနေ့အတွက် အမှတ်တရခွေတစ်ခွေကို ဈေးထဲက ခွေဆိုင်မှာ တွေ့တယ်။ ကျွန်တော် စိတ်ဝင်စား
တာနဲ့ ကောက်ယူကြည့်မိလိုက်တယ်။ ဖြိုးကြီးခွေတစ်ခွေပဲ တွေ့မိတဲ့ ကျွန်တော့အတွက်တော့ အထူးအဆန်းဖြစ်မိပြီး ကောက်ကြည့်လိုက်
မိတာပါ။ အား ပါး ပါး ကျွန်တော် အရမ်းကို ၀မ်းနည်းမိသွားတယ်။ ဗွီစီဒီတောင် မထွက်သေးတဲ့ သီချင်းအတော်များများကို ဒီခွေထဲမှာ သွား
တွေ့တယ်။ ဒါဟာ သုံးစွဲသူကို စော်ကားတယ်ဆိုတာထက် သီချင်းဆိုသူအပါအ၀င် အဲဒီသီချင်းတွေနဲ့ ဆက်စပ်တဲ့ အနုပညာရှင် အားလုံးကို
စော်ကားထားတယ်လို့ထင်ပါတယ်။ အရင်တုံးကတော့ ထွက်ပြီးသားခွေကိုပဲ လုပ်စားကြတာကို လက်မခံချင်ပေမဲ့ ကြည့်နေတဲ့သူတွေက
ကြည့်နေလို့ အပြစ်မပြောတော့ပါဘူး။ အခုတော့ ကျွန်တော် မနေနိုင်တော့ပါဘူး။ မျက်စိမှိတ်ထားသူတွေလို ကျွန်တော် မျက်စိမမှိတ်နိုင်
တော့ပါဘူး။ အတော်လေး တရားလွန်လာပြီခင်ဗျာ။ ဒီအတိုင်းပဲ လက်ပိုက်ပြီး ကြည့်နေကြသူတွေလိုတော့ ကျွန်တော် မကြည့်နိုင်ပါဘူး။
ကိုယ်အားမပေးချင်ရင် မ၀ယ်နဲ့ပေါ့ လို့ ပြောလို့ရပေမဲ့ ကျွန်တော်ကတော့ ဒီအတိုင်း မခံစားနိုင်ပါဘူး။ ယူထား တဲ့ သီချင်းတွေက ပရိတ်
သတ်ကြားမှာ အတော်လေး ရေပန်းစားနေပြီး ဗွီစီဒီ အထွက်ကို စောင့်ဆိုင်းနေကြတာ ကျွန်တော် တို့လို အနုပညာကို အစစ်အမှန်အားပေး
နေတဲ့ ပရိတ်သတ်တွေပါ။ ဒါပေမဲ့ အခုတော့ တခြားနောက်ခံတွေကို အသုံးပြုပြီး ပရိတ်သတ် အပါအ၀င် သီချင်းနဲ့သက်ဆိုင်သူ အနုပညာ
ရှင်တွေကို စော်ကားပြီး လုပ်စားတာကိုတော့ ဘယ်လိုမှ ခွှင့်မလွှတ်နိုင်အောင်ပါပဲ။ ဘာလို့ အဲဒီလို လုပ်စားချင်တာလဲ?
ဒီလိုလုပ်စားမှ သူတို့ဘ၀ အဆင်ပြေ ချောမွေ့နိုင်မှာလား? ကျေးဇူးပြု၍ ……..

March 1st, 2009 in
ခံစားချက် |
3 Comments
မီးလောင်တဲ့ နေ့က ဖေဖော်ဝါရီ (၉) ရက် တပိုတွဲလပြည့်နေ့လေ။ ဆောင်းရာသီရက်တွေထဲက အအေးဆုံးနေ့လေးတစ်နေ့ဖြစ်လို့ကျွန်တော်
တို့ မြတ်စွာဘုရားရှင်တော် ကိုယ်တိုင်တောင် ခြေတော်၊ လက်တော်တွေ မီးလှုံခဲ့ရတယ်လို့ မိဘ ရှေးလူကြီးများ ပြောတာကြားဖူးခဲ့ပါတယ်။ ဒါ
ကြောင့်လဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီနေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရားရှင်ကို မီးပုံးထင်းလို့ခေါ်တဲ့ သနပ်ခါးထင်းအမွှေးနံ့သာ
တွေနဲ့ပူဇော်ကြပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့မြို့သစ်က အိမ်ခြေပေါင်း အတော်များများ မီးလောင်ခံလိုက်ရပါတယ်။
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
(ကျွန်တော့အိမ်ပါသွားတာတော့ သိလောက်ကြရောပေါ့နော် ဟဲဟဲ)။ ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်လေးဆိုတော့ အတော်လေးကသီလင်တ
နိုင်သွားတာပေါ့ဗျာ။ လူသားချင်းစာနာထောက်ထားကူညီမှုများနဲ့ အနည်းငယ်တော့ ပြန်လည် တည့်မတ်ခဲ့ရပါတယ်။ ဒါပေမဲ့လဲပေါ့လေ လောကီ
လူသားပီသစွာနဲ့ အနည်းငယ်တော့ ပူးဆွေးသောက ရောက်ကြရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မြို့သစ်ကတော့ ဒါလားဟဲ့ လောကဓံဆိုတာ ဆို
သလိုပါပဲ။ မီးဘေးဒုက္ခသည် ဦးကြီးတစ်ယောက်က ပြောပါတယ်။
” အဲဒီတပိုတွဲလပြည့်နေ့မှာ သူများတွေက မီးပုံးထင်းနဲ့ပဲ မြတ်စွာဘုရားရှင်ကို ခြေတော် လက်တော် နွေးရုံသာ ပူဇော်နိုင်ကြတာ၊
ဦးရီးတို့ကတော့ တစ်အိမ်လုံးကို မြတ်စွာဘုရားရှင် နွေးထွေးဖို့ မီးပူဇော်ပစ်လိုက်တယ်ငါ့တူရဲ့ ”
လို့ လောကဓံကို မမှုတဲ့ စကားလုံးကိုလည်း ကြားလိုက်ရပါသေးရဲ့ဗျာ..။ ကျွန်တော်တို့ ရွှေမန္တလေးက မြို့သစ် ဆင်ခြေဖုံးသားတွေရဲ့ လောကဓံ
ခံနိုင်မှုကတော့ သြချလောက်ပါရဲ့ခင်ဗျာ.. တကယ်ပါပဲ။ နောက်ပြီးတော့ ဘာပစ္စည်းမှ မရလိုက်လို့ တရှုံ့ရှုံ့နဲ့ ငိုနေတဲ့ ဇနီးတစ်ယောက်ကိုချော့
နေတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ စကားကို ဒီလိုကြားလိုက်ပါသေးရဲ့။
” ငိုမနေပါနဲ့ မိန်းမရာ! အခုမှ ငါတို့ ဆန်အိတ်ကို ခြေကန်စားရတော့မှာကွ ” လို့ဆိုပဲဗျာ။ သူပြောသလို တကယ်ပါပဲ။ ရက်ရက်ရောရောလှူဒါန်း
လိုက်ကြတဲ့ ကုသိုလ်ရှင်တွေ မနည်းပါပဲဗျာ။ တစ်အိမ်ထောင်ကို ၄ အိပ်နှုံးလောက်ကို ရကြပါတယ်။ ဆင်းရဲသားရပ်ကွက်ဆိုတော့အားလုံးက
ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြပါတယ်။ တကယ့်ကို ၀မ်းသာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်ဖြင့် လှူတဲ့သူတွေကိုယ်စား ပီတိဖြစ်ရပါတယ်။ မန္တလေး
တိုင်းမှူးနဲ့ စည်ပင်သာယာရေး မြို့တော်ဝန်ဆီကလည်း ထိုက်သင့်တဲ့ ကူညီမှုတွေ လက်ခံရယူခဲ့ရပါတယ်။ ဒါပေမဲ့ ယခုအချိန်ထိ မီးလောင်ဒါဏ်
ခံရတဲ့ မြေနေရာတွေ အစားပြန်မရသေးတာကတော့ ဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အနည်းငယ် ကသီလင်တနိုင်လှပါတယ်။
အဲဒါလေးကို အမြန်ဆုံးဆောင်ကျဉ်းပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ လူကြီးတွေအနေနဲ့လည်းမြေနေရာ အစားပြန်ပေးရာမှာ စီစစ်
နေရတော့ ဒီလောက်လဲကြာနိုင်ပါတယ်။ ဒါပေမဲ့ ဆင်းရဲသားလူတန်းစား ဆိုတာကတစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘ၀တွေဆိုတော့ နောက်ဆံ
မတင်းပဲ စီးပွားရှာချင်ကြတာပါ။ ဒါပေမဲ့ ကိုယ့်မြေ ကိုယ့်နေရာ မဟုတ်သေးပဲနဲ့တော့နောက်ဆံတင်းနေတာနဲ့ အလုပ်မလုပ်နိုင်ကြပါဘူးဗျ။

February 26th, 2009 in
ခံစားချက် |
2 Comments
ချစ်သူရေ!
ဖြစ်နိုင်မယ်ဆိုရင်ပေါ့ကွာ
မင်းနဲ့ကိုနဲ့ နှစ်ယောက်တည်း
ကောင်းကင်ကြီးကို အဖြူနဲ့အနက် ၂ ရောင်ကြား ကျားကွက်ဆွဲပြီး
စစ်တုရင် ကစားနေလိုက်ချင်တယ်..
ကစားလို့ပျင်းလာရင် ပင်လယ်ရေပြင်ကျယ်ကြီးထဲမှာ မင်းပျော်ရွှင်စေမဲ့
အသဲပုံလေးတွေကို ကို ရေးဆွဲလို့ပြချင်တယ်..
အဲဒါမှ မင်းမကျေနပ်သေးဘူးဆိုရင်
ရာသီဥတုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ကို့ကို တရားစွဲချင်စွဲပါစေ
တစ်ကမ္ဘာလုံးမှာရှိတဲ့ သစ်ပင်မှန်သမျှကို တစ်ရက်တည်းနဲ့ ခုတ်လှဲပြစ်လိုက်မယ်….
မင်းလေး လက်ညှိုးထိုးလိုက်စမ်းပါ ဘယ်ဂြိုလ်ကိုမဆိုပေါ့
နာဆာ အာကာသစခန်းကို ရှိသမျှစည်းစိမ်တွေ ပုံအောပြီး ၀ယ်ယူပစ်လိုက်မယ်ကွာ…
ဘာလဲ မကျေနပ်သေးဘူးလား?
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
တော်ပြီကွာ! ကို ဆက်အိပ်လိုက်အုံးမယ်…

February 24th, 2009 in
ခံစားချက် |
4 Comments
အိုး မင်္ဂလာရှိသောရက်မြတ်လေးပါလား..
ကျောင်းမှာ နက် ပြန်ရပြီ…
လာပြီ.. လာပြီ.. ကျွန်တော်ပြန်လာပါပြီခင်ဗျ..
အိုးစည်၊ ဗုံ၊ မောင်းတို့နဲ့ ငြိမ့်ငြိမ့်ညောင်းလေပြီ..
ဥယျာဉ်ထဲမှ ပန်းအပေါင်းတို့ ပြန်လည်စိုပြေလာပါအုံးမည်..
သစ်ပင်ပန်းမန်တို့ စိမ်းလန်းပါအုံးမည်…
အိုး မင်္ဂလာရှိသော ရက်မြတ်လေးပါလား..

February 23rd, 2009 in
ခံစားချက် |
11 Comments
ကိုကိုရေ ဖုန်းလာနေတယ်.. ကိုကိုရေ ဖုန်းလာနေတယ်.. ကိုကို ဖုန်းလာနေတယ်.. ကိုကို ဖုန်းလာနေပါတယ်ဆို..
ဘယ်သူပြောနေမှန်းမသိဘူး.. နားထဲကြားလိုက်တာ.. ဘေးကိုကြည့်တယ်.. မတွေ့။ နောက်ကိုကြည့်တယ်.. မတွေ့။ ရော် ဒုက္ခ။
တကယ်တမ်း အသံထွက်လာတာက ရှေ့က စားပွဲပေါ်က ဖုန်းထဲက.. အော် ငါ့နယ် အ ရန်ကော.. မနေ့ကမှ tone ပြောထားတာကို
သတိမထားမိဘူး။ ကောက်ကိုင်လိုက်တယ်။
မီး မီး မီး လေ မီး
ဟဲ့ ပလုတ်တုတ် မီး ဆိုပဲ။
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
အဲဒါနဲ့ ဥယျာဉ်မှူးလည်း မီးဘေးဒုက္ခသည်စခန်းရှိရာ မန်းမြို့က မြို့သစ်ဆီကို မှီရာ ရရာ ကားလေးနဲ့ အပြေးဆင်းခဲ့ရတယ်။
ဟိုက ဒုက္ခသည်တွေအတွက် လိုရမယ်ရ စောင်လေး ၄၊ ၅ ထည် ၊ အထည်လေး ၄၊ ၅ စုံလောက်ကို ခရီးဆောင်အိပ်ထဲ ဇွတ်ထိုး ထည့်။
ချစ်သူကပေးလိုက်တဲ့ မိန်းမ၀တ်အထည်လေး ၄၊ ၅ စုံ၊ ချစ်သူ စု ဆောင်းထားတဲ့ ငွေလေး တစ်သိန်းခွဲကို အိပ်ကပ်ထဲထည့်လို့ မီးဘေး
ဒုက္ခသည်တွေ ကယ်ဆယ်ဖို့ အမြန်ဆင်းခဲ့တာပါ။ မဒမ်လောင်းကတော့ နှမြောတဲ့စိတ်လေးနဲ့ ကားဂိတ်မှာ ကျန်ခဲ့လေရဲ့။
လားရှိုးကနေ ညကားနဲ့တအိအိဆင်းလာလိုက်တာ မနက် ၇ နာရီလောက်မှ မြို့သစ်ကိုရောက်တယ်။ ရောက်ရောက်ချင်းပါပဲ။ အိမ်ကိုလည်း
မသွားအားဘူး။ ဒုက္ခသည်စခန်းကို အရင်သွားလိုက်တယ်။ ဟုတ်တယ်လေ ဒုက္ခသည်လေးတွေက ကျွန်တော့ကို အားကိုးတကြီးနဲ့ မျှော်နေ
ရှာမှာလေ။ ဒါနဲ့အိမ်ကို မသွားဖြစ်ဘူး။ ဒုက္ခသည်တို့ခမျာမှာ ဥယျာဉ်မှူးကိုလည်းတွေ့ရော အားကိုးတကြီးနဲ့ပါပဲ။ ဖြစ်ပျက်အကြောင်းစုံ ရှင်း
ပြလို့ပြ၊ ဘယ်လိုသိလာသလဲဆိုတာကို မေးလို့မေးနဲ့။ ကျွန်တော်လည်း အခွင့်အရေး ရခိုက် ဒုက္ခသည် မိသားစု တစ်စုကို ဗျူးလိုက်တယ်လေ။
ဘလော့မှာတင်ဖို့ ဟီးဟီး။ ဒါပဲလေ ဘလော့ဂါဆိုတာ။ ဟိုမိသားစုက ဖြေချင်လား မဖြေချင်လားတော့ မသိဘူး။ ကျွန်တော်ကတော့ ဇွတ်မေး
တာပဲ။ ပထမဆုံး မေးမိတာက အပျိုကြီးဒေါ်ဝင်းတင်တဲ့
ဟုတ်ကဲ့ အမ! ဘယ်လိုဖြစ်လဲ မသိဘူးနော်
မသိပါဘူး ငါ့မောင်ရယ် ဆိုင်ကယ် ၀ပ်ရှော့ကလို့ ပြောတာပါပဲ။ အမလည်း ကြားမိတာပါ အသေအချာတော့ မသိဘူး။
အမတို့အိမ်က မီးထဲပါသွားတာပေါ့နော်
အော် ဒီကလေးနှယ် အိမ်က မီးထဲပါသွားလို့ ဒီကိုရောက်နေတာပေါ့။ အလကားနေရင်း ဒီကိုလာနေပါ့မလား ခက်ပါ့။
အော် ဆောရီးနော်အမ ကျွန်တော် မေးတာလောကြီးသွားလို့ပါ။ အမတို့အိမ်က ဖြစ်တဲ့ အိမ်နဲ့အဝေးကြီးကိုနော် ဘာလို့ပါသွားတာလဲ အမ။
ဆီပုံးပေါ့ ဆီပုံးလေ ဆီပုံးပေါက်တာ။ ဖြစ်တဲ့ရပ်ကွက်က တစ်ဝက်လောက်ပဲပါသွားတာ။ မီးညွန့်ကျိုးလို့ လောင်တဲ့ ၂ ရပ်ကွက်ကတော့
အပြောင်ပဲ။ ပြောင်ဆို မစင်ကို မရှိတော့တာပါ ငါ့မောင်ရယ်။ တကယ်ပါ။
အော် လောင်တဲ့အချိန်က အမတို့အိမ်မှာ ဘယ်သူတွေရှိနေလဲ အမ။ ပစ္စည်းတွေ ရလိုက်ရဲ့လား။
ပြောချင်ပါဘူး ငါ့မောင်ရယ်။ ဖြစ်တဲ့အချိန်မှာ အမတစ်ယောက်တည်းရှိနေတယ်။ မောင်တစ်ယောက်နဲ့သူ့မိန်းမက ဘုရားကြီးကို သွားနေတာနဲ့
ကြုံတာလေ။ စက်ဘီးလေး ၂ စင်းတောင် သူတို့စီးသွားလို့ ကျန်တာ။ ဘုရားကြီးက ကယ်လိုက်တာလို့ပြောရင် ပိုမှန်မလားပဲ ငါ့မောင်ရယ်။
အဝေးမှာနေတဲ့ မောင်တစ်ယောက်က ” အမရေ မီးများလောင်ရင် လူပဲ လွတ်အောင်ပြေးနော်” လို့ မှာထားတာကို ကြားယောင်လို့ အမ အိမ်ထဲက
နေကိုးကွယ်တဲ့ ဘုရားဆင်းတုတော် တစ်ဆူနဲ့ အဲဒီမောင်အငယ်ကောင် ၀ယ်ပေးထားတဲ့ အောက်စက်လေးတစ်ခုပဲ ရလိုက်ပါတယ် ငါ့မောင်ရယ်။
အော် အမရယ် စိတ်မကောင်းစရာပဲနော်။ အမရဲ့မောင်ကို ကျွန်တော် ဆက်မေးလိုက်ပါအုံးမယ် အမရေ။
အော် အကိုက ကိုမြသွင်နော်
ဟုတ်ပါတယ်ညီလေး
အကိုက မီးလောင်ချိန်မှာ ဘာလို့ ဘုရားကြီးကို ရောက်နေတယ်ဆို အကို။ ဟန်းနီးမွန်းများလားအကို
ဟာ ဘယ်က ဟန်းနီးမွန်းရမှာလဲကွာ။ အဲဒီနေ့က မေမေဆုံးတာ နှစ်နှစ်ပြည့်လို့ ဘုရားကြီးကိုသွားပြီးတော့ အမေ့ကို ရည်စူးပြီး
ရွှေသင်္ကန်းသွားကပ်တာပါညီရယ်။
အော် ဟုတ်လားအကို။ မီးလောင်တော့ အကိုတို့က မီးခိုးကို မမြင်ဘူးလား။
မြင်တာပေါ့ညီ။ မြင်တာပေါ့။ ဒါပေမဲ့ အကိုတို့ဘက်လောက်ကလို့ မထင်ဘူးလေ။ ဒါကြောင့် ဘုရားကြီးရဲ့အနောက်ဆီက ဆွေမျိုးတွေဆီ
ကိုတောင် ဆက်သွားပြီးတော့ ထမင်းနဲသွားပို့နေသေးတာ။ ပြန်လာတော့ အိမ်က ပြောင်တလင်းကို ခါရောပါပဲ။ မီးသွေးပုံပဲ မြင်ရတော့တယ်။
အော် ဖြစ်ရလေ အကိုရယ်။ အဝေးက အကို့ညီကို ဖုန်းမဆက်ဘူးလား။
ပြောချင်ပါဘူးညီရေ။ ဖုန်းနံပါတက် အကိုက အလွတ်မရဘူးလေ။ နံပါတ်ကလဲ မီးထဲပါသွားတာ။ မြို့ထဲက တူမကိုတော့ ဖုန်းဆက်ခိုင်းထားတယ်။
အော် ဟုတ်လားအကို။ အကိုတို့အတွက တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလေးများရှိမလားပဲနော်။
ရှိတာပေါ့ညီ။ သိပ်ရှိတာပေါ့။ အကိုတို့မေမေစိုက်သွားတဲ့ ၁၈ နှစ်သားအရွယ် မကျည်းပင်လေးတွေကတော့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုပေါ့ညီ။
အော် စိတ်မကောင်းစရာပါပဲလား အကိုရယ်။ ကျွန်တော့ကို သွားခွင့်ပြုပါအုံးနော်အကို။ ကျေးဇူးပါ။
ကျွန်တော်လည်း အလိုက်တသိနဲ့ ဒါလောက်ပဲမေးခဲ့ပါတယ်။ ပါလာတဲ့ ပစ္စည်းလေးတွေနဲ့ ပိုက်ဆံကိုလည်း ဘယ်ဒုက္ခသည်ကိုမှ မပေးတော့ပဲနဲ့
အဲဒီ မိသားစုလေးကိုပဲ အကုန်ပေးလိုက်ပါတော့တယ်။ အဲဒါပါပဲဗျာ အခုလောလောဆယ်တော့ ဥယျာဉ်မှူးလေး မီးဘေးဒုက္ခသည်စခန်းမှာပါ။
အိမ်ကို မသွားဖြစ်သေးဘူးလေ အခုထိ
မသွားဖြစ်ဆို သွားစရာအိမ်လည်း မရှိတော့ဘူး။ ဟီးဟီး မီးထဲပါသွားတာ။
အဗျူးခံရတဲ့ ဒေါ်ဝင်းတင်ဆိုတာ ကျွန်တော့အမ ဟဲဟဲ။
ကိုမြသွင်ဆိုတာ ကျွန်တော့အကို ဟိုးဟိုး။
ဖုန်းဆက်တာက ကျွန်တော့ တူမ အဟဲ။
သူတို့ကိုပဲပေးလိုက်တယ်ဆိုတာက ကျွန်တော့ရဲ့အမျိုးတွေမိုလို့
ကဲ သဘောပေါက်ပြီလား ဟီးဟီး။ အခုတော့ လာတဲ့ ထမင်းထုတ်ကို အ၀တီးလိုက်အုံးမယ်ဗျာ ဟဲဟဲ..
တာ့တာနော် ပို့စ်အသစ်တွေ ရေးနိုင်အုံးမှာ မဟုတ်သေးဘူး။
ဥယျာဉ်မှူး
ခေတ္တမီးဘေးဒုက္ခသည်စခန်း

February 11th, 2009 in
မိသားစု |
10 Comments
ကျွန်တော်တို့တစ်တွေကြုံတွေ့ဖြတ်သန်းနေရသော အသက်အရွယ်အပိုင်းအခြား ကာလများကို ခွဲခြမ်းစိတ်ဖြာကြည့်ရပါသော်
- ငယ်ရွယ်စဉ် ကလေးဘဝ
- လူငယ်ဘဝ
- လူလတ်ပိုင်း ဘဝ
- လူကြီး ဘ၀ နှင့်
- သက်ကြီး ရွယ်အို ဘ၀ ဟူ၍ ကာလအပိုင်းအခြား ၅ ခုကို တွေ့နိုင်သည်။
အပူအပင်ကင်းမဲ့သော၊ အပြစ်ကင်းစင်သော ကလေးဘ၀များကို ကျွန်တော်တို့တစ်တွေ ပိုင်ဆိုင်ဖူးခဲ့သည်။ အသိဥာဏ် ဗဟုသုတတွေကို စဉ်ဆက်
မပြတ်သင်ယူနေရသော လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ရသလို တတ်မြောက်ထားတဲ့ ပညာရပ်တို့နှင့် အသက်မွေးဝမ်းကျောင်းပြုနေပြီး Knowledge
Age နှင့် Technology Age၊ IT Age ကိုလည်း မျက်စိဖွင့်၊ နားကိုစွင့်၍ လူလတ်ပိုင်း ဘ၀ကိုလည်း လတ်တလော ဖြတ်သန်းနေကြပေပြီ။ ဒီဘက်
ခေတ်ထဲမှာတော့ လူလတ်ပိုင်းတို့သည် တိုးတက်နေသော နည်းပညာခေတ်ကြီးကို နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့နေရပေပြီ။ လွန်ခဲ့သော ဆယ်နှစ်တာ
ဝန်းကျင်ကနှင့် လုံးဝခြားနားသော ခေတ်ပြောင်းကာလကို မျက်ဝါးထင်ထင်တွေ့မြင်နေရသည်။ အရာရာပြောင်းလဲခဲ့သည်။ ရုပ်မြင်သံကြားခေတ်မှ
MP3 VCD DVD EVD MP4 ခေတ်သို့ပြောင်းခဲ့သလို၊ Stand Alone Computer မှ Network Internet သို့ ပြောင်းလဲ့ခဲ့သည်။ ကြေးနန်းသံ
ကြိုးစနစ်အစား Fax machine တွေ ၀င်ရောက်လာသလို စာပို့စနစ်ကို ရာဇ၀င်ထဲတွင် ထားရစ်ခဲ့စေသော e mail စနစ်တို့က နေရာနှင့် တ၀ှမ်း ထိုး
ဖောက် ၀င်ရောက်လာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းကသတင်း အဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ သိနိုင်သော ခေတ်မှီ အဆင့်အတန်းမြင့် အီလက်
ထရွန်းနစ် ပစ္စည်းတို့က မိမိရှေ့ အလုပ် စားပွဲမှာ ရောက်ရှိနေကြပြီ။ ထိုသို့တိုးတက်နေသော ခေတ်ကို ကျွန်တော်တို့လို လူလတ်ပိုင်းတွေက ဆုပ်
ကိုင်ထားနိုင်သလို လူငယ်တွေကလည်း ထုံးလိုချေ ရေလိုနှောက်ဖို့အတွက် အဆင်သင့်။ နောက် အနှစ် ၂၀ မှာ လူငယ် လူလတ်ပိုင်းဘ၀ကို ပြောင်း
လဲလာမဲ့ အခုခေတ်ကလေးငယ်များဆိုလျှင် မွေးကတည်းက နည်းပညာခေတ်နှင့် ယဉ်ပါးနေသူတွေ ဖြစ်သည်။ ဒီလိုခေတ်မျိုးကို ကျွန်တော်တို့ရဲ့
မိဘအရွယ်များဖြစ်သည့် လူကြီးများသည် ခေတ်နဲ့ မျက်ခြေ မပြတ်အောင် အတော်လေး လိုက်ယူနေရသလို၊ သက်ကြီးရွယ်အို အဖိုးအဖွားများဆို
လျှင် သဘောပေါက်စေဖို့ အတော်လေးရှင်းပြနေရသည်အထိပင်။ လူသားတို့သည် လူကြီးဘ၀၏ နောက်ပိုင်းကာလများတွင် အသက်အရွယ် ရ
လာသည်နှင့်အမျှ အားငယ်စိတ်၊ သိမ်ငယ်စိတ်တို့ ၀င်ရောက်လာသည်။ အသက်အရွယ်အရ ဘေးကိုရောက်သွားမှာ၊ လူမှုပတ်ဝန်းကျင်ရဲ့အပြင်ကို
ရောက်သွားမှာ စိုးရိမ်ကြသည်။ မိသားစုအတွင်းမှာ သူတို့ရဲ့အရေးပါမှု အခန်းကဏ္ဍတွေ မှေးမှိန်သွားမှာကို မလိုလား။ ဒီလိုဖြစ်ရပ်မျိုးကို ကျွန်တော်
တို့တစ်တွေသတိထားရမည်။ ပြောင်းလဲမှုတွေကို ၀ုန်းခနဲ၊ ဒိုင်းခနဲ မြင်တွေ့နေရသော ကျွန်တော်တို့တစ်တွေ လူကြီးမိဘတွေကို အရေးပေး အရာ
ထားဖို့ လိုအပ် နေပါပြီ။ လူကြီး မိဘများနဲ့ ကျွန်တော်တို့အကြား၊ လူကြီးမိဘများနဲ့ လူငယ်များအကြား သဟဇာတဖြစ်စေရေးမှာ ကျွန်တော်တို့
တစ်တွေရဲ့တာဝန်ပင်မဟုတ်ပါလား။ တိုးတက်နေသော ခေတ်ကြီးကို ကျွန်တော်တို့ရဲ့ လူကြီး မိဘတွေ မျက်ခြေ မပြတ်စေဖို့က ကျွန်တော်တို့တာ
ဝန်ပင်မဟုတ်ပါလား။ ဘယ်လိုလုပ်ကြမလဲ ?
ဖြန့်ချလိုက်ပါခင်ဗျာ/ပြန်ခေါက်ပေးခဲ့ပါခင်ဗျာ!
လူကြီးမိဘများနဲ့ နံနက်စောစော အချိန်ကာလများ
ဥာဉ့်သုံးယံကို တစ်ယံသာလျှင် အိပ်စက်တော့သော မိဘတို့သည် အိပ်စက်အနားယူတဲ့ အိပ်ယာကို အထီးကျန်သည်ဟု ယူဆသည်။ထို့ကြောင့်
အထီးကျန်ဆန်သော အိပ်ယာထက်မှ နံနက်စောစော နိုးထချင်ကြသည်။ မိဘများ နိုးထသည်နှင့်တပြိုင်နက်မိဘများကို ကိုယ်လက်မျက်နှာ သန့်
စင်ပေးစေပြီး သား သမီးများနှင့် ထွေရာလေးပါး ပြောချင်သော မိဘများရဲ့ဆန္ဒကို ကျွန်တော်တို့ဖြည့်ဆီးပေးရမည်။ ကျွန်တော့ မေမေဆိုလျှင်
ငယ်ရွယ်စဉ်က ဘ၀ အတွေ့အကြုံ ဖြတ်သန်းမှုများကို စိတ်လိုလက်ရ ပြောနေတတ်သည်။ လူကြီးမိဘတို့ပြောသော စကားကို ကျွန်တော်တို့
အားပါးတရ နားထောင်ပေးရမည်။ ” မေမေရေ! သားတို့ တရားခွေလေး တစ်ခွေလောက် နာရင် မကောင်းဘူးလား ? ” ဟူသော စကားလုံးတို့
နိဒါန်းချီ၍ မိဘများကို တရားဒေသနာများ နာကြားနိုင်ဖို့ ကျွန်တော်တို့ စည်းရုံးရမည်။ ထိုသို့ပြောရာတွင်လည်း သူတို့ အသက်အရွယ်ရလာ၍
တရားနဲ့နေခိုင်းသည်ဟု အထင်မရောက်စေရန် ကျွန်တော်တို့ သား သမီးများလည်း မိဘများနဲ့အတူတူ မနက်စောစော တရားဒေသနာများ နာ
ကြားနိုင်ပါစေ။ တရားနာပြီးသည်နှင့် မိဘများ၏ အနီး အနားတွင် နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊အပါတ်စဉ်ထုတ် သတင်း
ဂျာနယ်များ၊ ရေဒီယို၊ စလောင်းဂြိုလ်တု သတင်းများ ရှိနေပါစေ။ ကမ္ဘာနှင့် တ၀ှမ်းရှိသတင်းများကို ကျွန်တော်တို့မိဘများ အချိန်နှင့် တပြေးညီ
သိရှိပါစေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းများကို မိဘများနှင့်အမြဲလိုလို ဆွေးနွေးပေးပါ။ မိဘများရဲ့ထင်မြင်ချက်များကို အရေးပေးနား
ထောင်ပါ။ သတင်းအချက်အလက်ဟူသမျှ မိဘတို့သိရှိထားကြောင်း၊ မေမေတို့ ဖေဖေတို့ ခေတ်နဲ့ မျက်ခြေမပြတ်ကြောင်းကို မိဘတို့ သိရှိပါ
စေ။ လူကြီးများ အာသီသ ရှိနိုင်သော ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ရသာလေးများနှင့် မနက်စာကို ကျွေးမွေးပြုစုပါ။ ဖြစ်နိုင်လျှင် မိဘများနှင့်အတူ
တစ်ချိန်တည်း စားသောက်ပါ။ လူကြီး မိဘမို့ ဦးဦးဖျားဖျား သီးသန့်ကျွေးမွေးခြင်းသည် သင့်တော်သော အခြေအနေတစ်ရပ် ဖြစ်သော်လည်း
မိဘများ၏ စိတ်ကို အထီးကျန်စေသည်။ လုပ်ငန်းခွင်သွားခါနီး အချိန်များတွင်လည်း မိဘများ၏ ဂရုတစိုက် မှာကြားမှုများကို လေးနက်စွာ နာ
ကြားခံယူပါ။ အရာရာမှာ မိဘကို ရှေ့တန်းတင်ကြောင်းကို မိဘတို့ သိရှိပါစေ။ မိဘများ၏ ခြေဖျားကို ဦးခိုက်ပြီးမှ လုပ်ငန်းခွင်သို့ ထွက်ခွာပါ။
မထွက်ခွာမှီ မိဘများအတွက် စားရေး သောက်ရေး နေထိုင်ရေးတို့ကို ဇနီး မယား အိမ်ဖော်များထံ သေချာစွာ ဂရုတစိုက်မှာကြားပါ။
လူကြီးမိဘများနဲ့ ညပိုင်းအချိန်ကာလများ
လုပ်ငန်းခွင်မှ ပြန်ရောက်လျှင် ” မေမေရေ” ” ဖေဖေရေ ” ဟု အားပါးတရခေါ်လိုက်ပါ။ ” ဟေ! သားရေပြန်လာပြီလား ” ဟု မိဘတို့က ပြန်လည်
တုံ့ပြန်လာသော စကားတို့သည် လုပ်ငန်းခွင်မှ ပင်ပန်းနွမ်းနယ်မှုများ မောပန်းမှုများကို စမ်းရေအေးများ ဖြန်းပက်လိုက်သကဲ့သို့ရှိမည်။ ထို
စကားလုံးတို့၏ တန်ဖိုးအတိမ်အနက်သည် မိဘများ သက်ရှိထင်ရှားရှိစဉ်အခါကာလတွင် မသိသာနိုင်သော်လည်း မိဘတို့မရှိတော့သောအခါ
လိုချင်တောင့်တကြရသည်။ ကျွန်တော်ဆိုလျှင် ခေါ်ခွင့်ရချင်သေးသော်လည်း အခွင့်မသာတော့။ ကျောင်းပိတ်ရက်ကြောင့် အိမ်ပြန်သည့်အခါ
များတွင် မေမေမရှိသော အိမ်တံခါးဝကို ရင်ဆိုင်နိုင်ဖို့ အတော်ကြိုးစားယူရသည်။ ဟိုအရင်က မေမေရဲ့အသံလေးများကို ကြားယောင်မိသည်။
ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ မေမေရေ! ဟု ခေါ်လိုက်ချင်သည်။ မိဘ သက်ရှိထင်ရှား ရှိနေသေးသူများ ၄င်းတန်ဖိုးကို သိရှိနားလည်နိုင်ပါ
စေ။ မိဘတို့အိမ်သို့ပြန်ရောက်လျှင် လုပ်ငန်းခွင်မှ အဆင်မပြေမှုများကို ထားရစ်ခဲ့ပါ။ မိဘတို့နဲ့အတူ ညစာ စားသောက်ရင်း ပျော်ရွှင်စွာ နေ
ထိုင်ပါ။ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့ကြောင်း အပေါင်းအသင်းမိတ်ဆွေများနှင့်အတူတကွ ပူးပေါင်းလုပ်ကိုင်ရသည်မှာ ပျော်ရွှင်ဖွယ်
ဖြစ်ကြောင်းတို့ကို မိဘများအား သိရှိပါစေ။ လုပ်ငန်းခွင်အကြောင်း များကို မိဘတို့နဲ့ ဆွေးနွေးတိုင်ပင်၍ အကြံဥာဏ်များ ရယူခြင်းဖြင့် မိဘ
တို့၏ သြဇာအာဏာများ မကုန်ဆုံးသေးကြောင်း သက်သေပြပါ။ မိဘတို့၏အကြံဥာဏ် ဆိုဆုံးမမှုတို့သည် သား သမီးများအတွက် အရေးပါ
ဆဲ ဆိုတာကို မိဘများသိရှိပါစေ။ ညပိုင်းအခါများတွင် နိုင်ငံတကာ သတင်းရေးရာလေး များကို မိဘများသိရှိနိုင်ရန် စီမံပေးထားပါ။
အမေရိကန်-အီရတ်အရေး၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ ရုရှား-ဂျော်ဂျီယာအရေးတို့က အစ နောက်ဆုံးပေါ်နည်းပညာ သတင်းလေးတွေ
အဆုံး မိဘများသိရှိလာစေဖို့ အရေးကြီးသည်။ အိမ်မှာပင် နေမြဲနေရသော မိဘတို့၏ မျက်စိတို့ကို ဖွင့်ပေးရမည်။ မိဘများကို ခြေဆုတ်လက်
နယ် ပြုစုပေးခြင်းဖြင့် အိပ်ယာဝင်ပါ။ သက်ရှိထင်ရှားမိဘကို အိပ်ယာဝင် ကန်တော့ဖို့ မမေ့ပါနဲ့။
လူကြီးမိဘများနဲ့အားလပ်ရက်များ
မိမိ၏ အားလပ်ရက်များသည် မိဘများနှင့် လက်ပွန်းတတီး နေခွင့်ရရန် အကောင်းဆုံးအခွင့်အရေးများပင်ဖြစ်သည်။ မိဘကို အချိန်ပြည့် အနီး
ကပ်ပြုစု စောင့်ရှောက်ဖို့ အကောင်းဆုံးအချိန်အခါလေးများပင်။ လုပ်ငန်းခွင်မှ အပေါင်းအသင်းများ ပညာရေးနယ်ပယ်မှမိတ်ဆွေများ အိမ်သို့
အလည်လာသောအခါ မိဘများကို နေရာပေး၍ ဆက်ဆံပါ။ လူမှုရေး ကဏ္ဍများတွင် မိဘများအရေးပါသေးကြောင်းပြပါ။ တခါတရံတွင် မိဘ
များသည် သား သမီးအတွက်နှင့် အမှန်တရားတစ်ခုကို သိသိကြီးနဲ့ အမှားတစ်ခုလို့ ခံယူသည်။ အမှားတစ်ခုကို သား သမီးဇောနဲ့ အမှန်လို့
မြင်နေတတ်သည်။ ကိစ္စမရှိပါ။ မိဘနဲ့အတူ တစ်ဘက်တည်းမှာ ရပ်တည်ပေးပါ၊ ခံယူပေးပါ။ လတ်တလောအနေဖြင့် မိဘနဲ့အတူ လိုက်၍ မှန်
ပေး မှားပေးလိုက်ပါ။ အဓိကသတိပြုရ မည်မှာ ပတ်ဝန်းကျင်ရှေ့တွင် မိဘမှားကြောင်းကို ဘယ်သောအခါမှ မပြောမိပါစေနှင့်။ မိဘတို့က သူ
တို့ဘက်မှာ သား သမီးပင် မရှိတော့ ဟု တွေးမြင်သွားတတ်သည်။ မိဘကမှားနေလျှင် မိဘ နှင့် ကိုယ် ရှိသော ညပိုင်းအခါမျိုးများမှသာ
ကောင်းနိုးရာရာ ဥပမာလေးများနှင့် ပြောကြားပေးပါ။ မိဘများမှာ အေးအေးဆေးဆေး ပြောလျှင် နားဝင်လွယ်ကြသည်။ မိဘများသည် သား
သမီးတို့၏ မဆိုစလောက်သော အောင်မြင်မှုလေးများကို ပတ်ဝန်းကျင်တွင် အကြီးအကျယ် ဂုဏ်ယူပြောဆိုနေတတ်သည်။ ” ဟာ မေမေက
လည်း ဘာတွေလျှောက်ပြောနေတာလဲ ” လို့ မပိတ်ပင်လိုက်ပါနဲ့။ ပြောပါစေ၊ ပြောခွင့်ပေးလိုက်ပါ။ ဂုဏ်ယူခွင့်ပေးလိုက်ပါ။ မိမိတို့၏ မဆိုစ
လောက်သော အောင်မြင်မှုလေးများသည် မိဘတို့အတွက် ပီတိပင် မဟုတ်ပါလားသက်ကြီးရွယ်အို ဘ၀သို့ ကူးပြောင်းချိန်တွင် မိဘတို့
ကလေးဆန်ချင်လာကြသည်။ သား သမီးများအပေါ် ဆိုးချင်၊ နွဲ့ချင်လာသည်။ ဒီလိုအချိန်ကို အထူးဂရုစိုက်ပေးပါ။ ကလေးဆန်ခြင်း၊ ဆိုးခြင်း၊
နွဲ့ခြင်းများကို သည်းခံ နားလည် အလိုလိုက်ပေးပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို မိဘတို့အပေါ် မကောင်း မမြင်မိစေရန် အလွန်အရေးကြီး
ပါသည်။ အသက်တွေကြီးလာလို့ ဖြစ်ပေါ်လာတတ်တဲ့ အားငယ်စိတ် သိမ်ငယ်စိတ်များကို ဖျောက်ဖျက်ပြစ်ပေးဖို့ တာဝန်မှာ ကျွန်တော်တို့
သား သမီးများ၏ တာဝန်တစ်ရပ်ပင် မဟုတ်ပါလား။ လူကြီးမိဘတို့နဲ့သဟဇာတဖြစ်စေဖို့ ကျွန်တော်တို့ ကြိုးစားကြပါစို့။
ကျွန်တော့ဘ၀ထဲကနေ မေမေထွက်ခွာသွားတာ မနက်ဖြန် ၈-၂-၂၀၀၉ ဆိုရင် ၂ နှစ်ပြည့်ပါပြီ။ သား သမီး ၃ ယောက် လူလားမြောက် အရွယ်
ရောက်အောင်၊ အငယ်ဆုံးသား ကျွန်တော်တစ်ယောက် အခက်အခဲမျိုးစုံကြားကနေ မဟာအင်ဂျင်နီယာဘွဲ့ရအောင် စတော်ပဲပြုတ်တောင်း
လေးကို ခေါင်းပေါ်ရွက်လို့ ရွာရိုးကိုးပေါက် လမ်းလျှောက်ရောင်းရင်းနဲ့ သား သမီး ၃ ယောက် အပေါ် အမေနေရာကရော အဖေနေရာကပါ
ပြုစုကျွေးမွေး စောင့်ရှောက်လာသူ ကျွန်တော့မေမေဟာ ကျွန်တော်တို့အတွက်တော့ မေတ္တာကရုဏာရှင် မာသာထရီဇာထက် ကြီးကျယ်
မြင့်မြတ်ပါတယ်။ မေတ္တာရှင်မလေး ပေါ်လီယာနာထက် အကြင်နာတရား ကြီးမားပါတယ်။ ပိုပြီး အကောင်းမြင်ဝါဒရှိတယ်။ မေမေ့ရဲ့အပြုံးဟာ
ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားထဲက မိုနာလီဇာရဲ့အပြုံးထက် ပိုပြီး အသက်ဝင် အေးမြပါတယ်။ ကျွန်တော်ရယူ
ထားတဲ့ ဘွဲ့လက်မှတ်ထဲမှာ မေမေ့ရဲ့ အားမာန်တွေ၊ ခွန်အား တွေ အပြည့်ပဲ။ ကျွန်တော်တို့ မောင်နှမသုံးယောက်ရဲ့ အရေးနဲ့ပါတ်သက်လာ
ရင် အရဲရင့်ဆုံး စစ်သူကြီးတွေထက် မေမေက ပိုပြီးရဲရင့်နေတယ်။ယောင်္ကျားကံမကောင်းပေမဲ့ သား သမီး ကံကောင်းတယ်လို့ ပြောတတ်တဲ့
ပတ်ဝန်းကျင်အလယ်မှာ မေမေ ဂုဏ်ယူဝံ့ကြွားခဲ့သလို၊ မိန်းမသားအင်အားလေးနဲ့ သား သမီး သုံးယောက်ကို ဘယ်လိုပြုစု ကျွေးမွေးမှာလဲ
ဆိုတတ်တဲ့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုအောက်မှာလည်း မေမေရုန်းကန်ပြခဲ့တယ်။သားတို့ဘ၀ထဲကနေ အပြီးအပိုင်ထွက်ခွာသွားတဲ့ မေမေ
တစ်ယောက် ကောင်းရာသုဂတိလားပါစေ။ မေမေ့ကို တမ်းတသတိရခြင်းများစွာနဲ့ကျွန်တော်တို့နဲ့မိဘများပို့စ်ကို မေမေကွယ်လွန်ခြင်း ၂
နှစ်ပြည့် လွမ်းဆွတ်မှုအဖြစ် သီကုံးရေးဖွဲ့ပါသည်။
February 7th, 2009 in
မိသားစု |
2 Comments