ဆီစားသူများ

ဆီဆိုတာက အများကြီးစားလွန်းရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာ တီဗွီမှာ၊ ကျန်းမာရေးစာစောင်တွေမှာ၊ ပညာပေးကဏ္ဍတွေ

မှာ မိတ်ဆွေတွေ့ဖူးမှာပါ။ ဟုတ်ပါတယ် ဆီကိုစားတာများရင် အ၀လွန်တာတွေ၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။

မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ အဲဒီလိုများ ဆီများများစားတတ်တဲ့သူတွေကို တွေ့မိရင်လေ အဲဒီလို ဖြစ်တတ်တဲ့ရောဂါတွေကို ရှင်းပြပြီးတော့

ဆီစားများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်သဘောပေါက်ဖို့ ရှင်းပြရင်းနဲ့ ကျန်းမာရေးကုသိုလ်ကို ယူလိုက်ပါ မိတ်ဆွေရေ။

မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ဆီများများစားတတ်တဲ့သူတွေကို တွေ့နိုင်ဖို့ မီးဖိုချောင်ထဲထိ လိုက်ကြည့်စရာ မလိုလောက်အောင်ကို သိသာ

ထင်ရှား တွေ့မြင်နိုင်ပါတယ် မိတ်ဆွေရေ။ ဆီများများ စားတတ်တဲ့သူတွေဟာ အတော်လေးဝတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သလို

သူ့ရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်ဝခြင်းမျိုးမဟုတ်ပဲ အဆီတွေများများနဲ့ ၀နေတာကို မိတ်ဆွေ တွေ့ရှိရပါလိမ့်မယ် မိတ်ဆွေ။ ဒါပေမဲ့ မိတ်ဆွေရေ

အဲဒီလိုသိသာထင်ရှားတဲ့ လက္ခဏာတွေမရှိပဲ ဆီစားများတဲ့သူတွေကိုတော့ မိတ်ဆွေတွေ့ဖူးမယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို

လူတွေက ဆီကိုများများစားကြပေမဲ့ အဲဒီလိုခန္ဓာကိုယ်တွေ ဖြစ်မလာပဲ ဆီကိုဘယ်လောက်ပဲစားစား အဆီ ဖြစ်လာခြင်းလဲမရှိ၊ အသား

ဖြစ်လာခြင်းလဲမရှိတာကို မိတ်ဆွေတို့ မတွေ့ဖူးရင်တောင် ကျွန်တော်တော့ တွေ့ဖူးတယ်ဗျာ။ မိတ်ဆွေတို့ကတော့ တွေ့ဖူးကြမှာ

မဟုတ်ပါဘူး။ တွေ့ဖူးရင်တောင် သတိထားမိမယ် မထင်ဘူးဗျ။ မိတ်ဆွေတို့က ကျွန်တော့ကို မေးကြအုံးမယ်။ ခင်ဗျားကရော ဘယ်လိုများ

သတိထားမိပြီး ဘာကြောင့် တွေ့ဖူးတာလဲလို့လေ ?။ ဟုတ်ကဲ့ ကျွန်တော်ဖြေပါ့မယ်။ သူတို့တစ်တွေက လစဉ်ဆီကိုပုံမှန် စားသုံးကြ

တယ်ဗျ။ လစဉ်ပုံမှန်စားသုံးကြတဲ့အတွက် သူများတွေလိုတော့ အဆီတွေပိတ်ပြီး ၀လာကြတာ မဟုတ်ဘူးရယ်။ ပုံမှန်လေးပဲ ၀လာတာ။

ပြီးတော့ သူတို့က ဆီကို ဆီပုံစံအဖြစ်နဲ့သာ စားကြတာလဲ မဟုတ်ဘူးဗျ။ ဂျုံကို ပုံစံအမျိုးမျိုးလုပ်ပြီး စားသုံးကြသလိုပေါ့ဗျာ။

ဆီကိုလည်း ပုံစံပြောင်းပြီးစားသုံးကြတယ်ခင်ဗျ။ ဒီလိုကြားလိုက်လို့ မိတ်ဆွေ အံ့သြများသွားမလား ? နေပါအုံးမိတ်ဆွေ

မအံ့သြပါနဲ့ခင်ဗျ။ သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။ ဆီကို ဆီပုံစံနဲ့စားလိုက်ရင် အဆီတွေများပြီး ၀လာတာကို လူမြင်မှာစိုးလို့

ဆီကို ခြင်္သေ့အဖြစ် ပြောင်းလဲပြီး စားသုံးကြသတဲ့ခင်ဗျာ။ ကောင်းရော မိတ်ဆွေရေ !

အဲ အဲ မိတ်ဆွေ! ကျွန်တော် သတိပေးရအုံးမယ်နော်။ အဲဒီလူတွေကိုတော့ ကျန်မားရေး ကုသိုလ် သွားမယူလိုက်နဲ့နော်။ သွားသတိပေးလိုက်လို့

ကတော့ မိတ်ဆွေပြန်ရလိုက်မှာကတော့ ရော့ဗျာ မျက်စောင်း!


4 Comments

ကဗျာမလေးMarch 4th, 2009 at 10:30 am

ဟား ဟား ဟား ….. ရီရတယ်တော့ ….. စားပဲစားနိုင်လွန်းတယ်နော်။ မြင်မိသလိုပဲ ဆရာရေ ….. ဆီစားပြီး အ၀မလွန်တာ တော်တာပေါ့ စားတတ်တာကိုး … ဟိ ဟိ။

လင်းထက်March 4th, 2009 at 3:36 pm

ဆီကိုစားရုံတင်ဘယ်ကမလဲ တစ်ခြားဟာတွေလဲ အများကြီး စားသေး..
တစ်ချို့ကခြင်္သေ့ အဖြစ်ပြောင်းစား တစ်ချို့က လင်ကွန်း အဖြစ်ပြောင်းစား ဟား ဟား..။

နေ့အိပ်မက်March 4th, 2009 at 5:45 pm

လာနောက်နေတယ်..
:P. သရော်စာက ပြောင်မြောက်ပါပေတယ်……. :)

AndyMarch 12th, 2009 at 5:54 pm

မျက်စောင်းတင်မကဘူးထင်တယ်နော်… :P

Leave a comment

Your comment